ရည်ရွယ်ချက်အမျိုးမျိုးအတွက် Website တစ်ခုကို တည်ဆောက်ဖို့လေ့လာတဲ့ အခါ အမျိုးအစားတွေ အများကြီးရှိတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ အခြေခံအားဖြင့်တော့ Static Web Application နဲ့ Dynamic Web Application ဆိုပြီး အပိုင်း ၂ ပိုင်းခွဲခြား လေ့လာနိုင်ပါတယ်။ Reference: Internet Static Website ဆိုတာဟာ ကိုယ့်ရဲ့ Information ကို ဖော်ပြပေးတဲ့ Advertisement Website အမျိုးအစားတစ်ခုလို့ဘဲ ယေဘူယျအားဖြင့် မှတ်ယူကြည့်ရအောင်ပါ။ တနည်းအား ဖြင့် ဆိုရင်တော့ Static Website ဆိုတာ တစ်ကမ္ဘာလုံးကနေ ကြည့်ရှု့လေ့လာနိုင်တဲ့ ကြော်ငြာ၊ လက်ကမ်းစာစောင် (Advertisement, Announcement, Information Center, Brochure) လိုမျိုးပါဘဲ။ အဲ့ထက်တော့ အများကြီး ပိုသာတာပေါ့လေ။ Static Website မှာ Website ကို ကြည့်ရှု့သူ ( viewer) နဲ့ Website ရဲ့ administrator ကြားမှာ အချိန်နဲ့ တပြေးညီ လုပ်ဆောင်ရတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဆောင်နိုင်ပါဘူး။ Web Developer ကနေ Coding ရေးတုန်းက ထည့်ပေးထားတဲ့ Information တွေအတိုင်းဘဲ Website ပေါ်မှာ ပြသနိုင်တာ၊ မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။ Website ကို စီမံ