Static Vs Dynamic Website
ရည်ရွယ်ချက်အမျိုးမျိုးအတွက်
Website
တစ်ခုကို တည်ဆောက်ဖို့လေ့လာတဲ့ အခါ အမျိုးအစားတွေ
အများကြီးရှိတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ အခြေခံအားဖြင့်တော့ Static Web
Application နဲ့ Dynamic Web Application ဆိုပြီး
အပိုင်း ၂ ပိုင်းခွဲခြား လေ့လာနိုင်ပါတယ်။
Reference: Internet
Static Website ဆိုတာဟာ ကိုယ့်ရဲ့ Information ကို ဖော်ပြပေးတဲ့ Advertisement Website အမျိုးအစားတစ်ခုလို့ဘဲ
ယေဘူယျအားဖြင့် မှတ်ယူကြည့်ရအောင်ပါ။ တနည်းအား ဖြင့် ဆိုရင်တော့ Static
Website ဆိုတာ တစ်ကမ္ဘာလုံးကနေ ကြည့်ရှု့လေ့လာနိုင်တဲ့ ကြော်ငြာ၊ လက်ကမ်းစာစောင်
(Advertisement, Announcement, Information Center, Brochure) လိုမျိုးပါဘဲ။
အဲ့ထက်တော့ အများကြီး ပိုသာတာပေါ့လေ။ Static Website မှာ Website
ကို ကြည့်ရှု့သူ (viewer) နဲ့ Website ရဲ့ administrator
ကြားမှာ အချိန်နဲ့ တပြေးညီ လုပ်ဆောင်ရတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဆောင်နိုင်ပါဘူး။
Web Developer ကနေ Coding ရေးတုန်းက
ထည့်ပေးထားတဲ့ Information တွေအတိုင်းဘဲ Website ပေါ်မှာ ပြသနိုင်တာ၊ မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။ Website ကို စီမံခန့်ခွဲသူ/ပိုင်ရှင် (Administrator) က Website
ပေါ်ကနေ တိုက်ရိုက် အချက်အလက် အသစ် ဖြည့်သွင်းတာတွေလိုမျိုး
လုပ်ဆောင်ချက်တွေကို မလုပ်ဆောင်နိုင်ပါဘူး။
ဒါပေမယ့် Dynamic Website မှာတော့ Online Banking လိုမျိုး real time transaction တွေလုပ်ဆောင်နိုင်ပါတယ်။
Dynamic Website ကတော့ အခုခေတ်မှာ အရမ်းကို
အသုံးဝင်လာပြီးတော့ ပေးရတဲ့ ကုန်ကျစရိတ်နဲ့ ထိုက်တန်တဲ့ လုပ်ဆောင်ချက်တွေ
အများအပြားပါရှိပါတယ်။ ဥပမာအားဖြင့် Online Hotel Management System လိုမျိုးပါဘဲ။ Hotel Booking` လုပ်တာမျိုး၊
အခန်းငှားတာမျိုး၊ ကုန်ကျစရိတ် တွက်ချက်တာမျိုး နဲ့ ငွေရှင်းတာတွေကအစ အကုန်လုံး Website
ပေါ်ကနေဘဲ သွားပါတယ်။
Reference: Internet
အဲ့တော့ Static Website နဲ့ Dynamic Website ပြန်ပြီး နှိုင်းယှဉ်ကြည့်တဲ့အခါ Static Website က
ရိုးရှင်းတယ်၊ ဖန်တီးရတာ လွယ်ကူတယ်၊ ဈေးနှုန်းသက်သာတယ်၊ Functions တွေ လုပ်ဆောင်ချက်တွေကတော့ သိပ်မလုပ်နိုင်ဘူး။
အပြန်အလှန်အားဖြင့် Dynamic Website က ခက်ခဲတယ်၊ Programming
concept တွေ အများကြီးပါဝင်လာပြီးတော့ ရှုပ်ထွေးတယ်၊ Database
တွေလည်းပါလာမယ်။ ဈေးက လည်း ကြီးသလို လုပ်ဆောင်ချက်တွေကလည်း
အများကြီး ပါဝင်ပါတယ်။ ဥပမာ Amazon ကနေ ဈေးဝယ်ပြီးတော့ Pay
Pal နဲ့ ပိုက်ဆံရှင်းသလိုမျိုးပေါ့။ အိမ်ထဲမှာ ကွန်ပျူတာတစ်လုံးနဲ့
အလွယ်အကူဈေးဝယ်နိုင်ပါတယ်။ Static
Website နဲ့ Dynamic Website မှာ တူညီမှုတွေ
ရှိသလို ကွာခြားချက်တွေလည်း ရှိပါတယ်။ ဥပမာအားဖြင့် Static Website ဘဲ ဖြစ်ဖြစ် Dynamic Website ဘဲ ဖြစ်ဖြစ် HTML
ကို အသုံးပြုရာမှာတော့ အတူတူဘဲ ဖြစ်ပါတယ်။ HTML နဲ့ CSS ကို အသုံးပြုရုံလောက်နဲ့ website တစ်ခုကို ဖန်တီးနိုင်ပေမယ့် Dynamic Website တစ်ခုကို
ဖန်တီးဖို့အတွက် ဆိုရင်တော့ HTML နဲ့ CSS အပြင် Programming Language တစ်ခုခုနဲ့
လိုက်ဖက်ညီတဲ့ Database တစ်ခုခုကို ပါ အသုံးပြုရမှာ
ဖြစ်ပါတယ်။
Web Development Programming Language တွေမှာ JAVA,
PHP, PYTHON, .NET စတာတွေက နာမည်ကြီး Programming အမျိုးအစားတွေ ဖြစ်ပါတယ်။ သို့သော်လည်း ဘာကိုဘဲ ရွေးချယ်သည်ဖြစ်ပါစေ Website
တစ်ခုဖန်တီးဖို့အတွက် ဆိုရင်တော့ HTML ကို
ပထမဆုံး စတင်လေ့လာရမှာ ဖြစ်ပါတယ်။ with love: Dr. Saw
Comments
Post a Comment