Google in ICT
Google
ကတော့ ကမ္ဘာမှာ အကောင်းဆုံး၊ အသုံးပြုသူအများဆုံး Search
Engine တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဆိုရင်ဖြင့် သူ့ကိုအသုံးပြုမှုဟာ
87.35% ရှိတယ်လို့ https://www.reliablesoft.net/top-10-search-engines-in-the-world/ မှာ
ဖော်ပြထားပါတယ်။
အမှန်ပါဘဲ Google ကနေ သိလိုသမျှကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
ရှာဖွေထားတဲ့ အဖြေတွေကိုလည်း စက္ကန့်ပိုင်းအတွင်း လျှင်မြန်စွာ
ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် Google ကနေ ထောက်ပံ့ပေးထားတဲ့
applications တွေ services တွေ ဟာလည်း
မနည်းမနောပါဘဲ။ လက်တွေ့လုပ်ငန်းခွင်မှာ တကယ်လည်း အသုံးတည့်ပါတယ်။
Gmail Account တစ်ခုရှိရုံနဲ့ လူတစ်ဦးခြင်းစီအတွက် အချက်အလက်သိုလှောင်သိမ်းဆည်းနိုင်ခွင့် (Data Storage) ကို Google Drive မှာ 15GB ပေးထားပါတယ်။
ကျောင်းသုံးရုံးသုံး ပိုင်းဆိုင်ရာ Application တွေ အဖြစ် Google
Docs, Google Sheet, Google Slide (တနည်းအားဖြင့်ပြောရမယ်
ဆိုရင်တော့ Microsoft Office Word, Microsoft Office Excel, Microsoft
Office PowerPoint တွေလို အသုံးပြုလို့ရတဲ့ application) တွေကို ထောက်ပံ့ပေးထားပါတယ်။
Gmail တစ်ခုသာရှိရင် programming language မသိလည်း coding တွေ မရေးတက်လည်း Website တစ်ခုကို Google Site ကနေ ဖန်တီးနိုင်ပါတယ်။
Stay at Home ကာလမှာ Survey လုပ်ဖို့ အချက်အလက်တွေ ကောက်ယူဖို့၊ ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အတွက် အသုံးအဝင်ဆုံးဖြစ်တဲ့ Google Form ကိုလည်း အလွယ်တကူ အသုံးပြုနိုင်ပါတယ်။
Classroom တစ်ခုလိုအသုံးပြုလို့ရပြီး သင်ခန်းစာများ (lecture PowerPoint or handouts, lecture videos, textbook) တင်ပေးထားလို့ ရပြီး၊ စာမေးပွဲစစ်ခြင်း (Tutorial, exam, quiz) ၊ assignment တင်ခြင်း၊ မှတ်ချက်ပေးခြင်း (Feedback/comment) ၊ အမှတ်ပေးခြင်း (Grade)၊ စတဲ့ လုပ်ငန်းစဉ်တွေ ပြုလုပ်လို့ရတဲ့ Google Classroom ဆိုတာလည်း ရှိပါသေးတယ်။
ကျောင်းသားများကို အချိန်နှင့်တပြေးညီ စာသင်ကြားခြင်း၊ အစည်းအဝေးပြုလုပ်ခြင်း၊ video conferencing တွေ လုပ်နိုင်တဲ့ Google Meet ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။
Google ကိုသာကောင်းကောင်းအသုံးပြုတက်မယ်ဆိုရင် ICT ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ လွယ်ကူလျှင်မြန်ချောမွေ့သွားစေမှာ အမှန်ပါဘဲ။
With Love,
Dr.Saw
Comments
Post a Comment