Home Schooling

 Home Schooling for Kids










Home Schooling ဆိုသည်မှာ ကလေးသည် ကျောင်းသို့ မသွားဘဲ အိမ်တွင်ပင် သင်ယူခြင်းဖြစ်သည်။

ယေဘူယျအားဖြင့် မိဘများက သင်ကြားပေးကြသော်လည်း ပုဂ္ဂလိကဆရာများ၊ အွန်လိုင်းဆရာများနှင့် သင်ကြားနိုင်သလို အွန်လိုင်းသင်တန်းများဖြင့်လည်း သင်ကြားနိုင်သည်။

မိဘ သို့မဟုတ် ဆရာသည် ကိုယ်ပိုင်သင်ရိုးအစီအစဉ်တစ်ခုကို ဖန်တီးနိုင်ပြီး၊ သင်ယူရေးပစ္စည်းများ ဝယ်ယူနိုင်သကဲ့သို့ Abby the Pub သို့မဟုတ် Khan Academy ကဲ့သို့သော အွန်လိုင်းပလက်ဖောင်းများကိုလည်း အသုံးပြုနိုင်သည်။










Home Schooling ၏ကောင်းသောအချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ထိရောက်သောသင်ယူမှု တစ်ဦးချင်းစီ အာရုံစိုက်သင်ကြားမှုက နားလည်မှု တိုးတက်စေသည်။

ထိန်းသိမ်းငွေထုတ်စရိတ် - ကျောင်းကြေး၊ ယူနီဖောင်း၊ နေ့စဉ် သယ်ယူပို့ဆောင်စရိတ် မလိုအပ်ပါ။

စိတ်အေးချမ်းသာမှု - သင့်ကလေးသည် လုံခြုံသော၊ အပြုသဘောဆောင်သင်ကြားရေးပတ်ဝန်းကျင်တွင် နေထိုင်သင်ယူနေပြီး  ထိခိုက်မှုများမှ လွတ်ကင်းနေသည်ကို သိရှိနိုင်ပါသည်။

မိသားစုပူးပေါင်းဆက်ဆံရေး ခိုင်မာမှု - မိသားစုနှင့် ပိုမို အချိန်ဖြုန်းနိုင်ခြင်းက ချိတ်ဆက်မှု တိုးတက်စေပါသည်။

တန်ဖိုးထားသင်ကြားပို့ချမှု - မိဘများက ကိုယ်ကျင့်သိက္ခာနှင့် ဓလေ့ထုံးတမ်းသင်ယူမှုကို လမ်းပြနိုင်ပါသည်။အချိန်ဇယား ညှိနှိုင်းနိုင်မှု - အချိန်မရွေး၊ နေရာမရွေး သင်ယူနိုင်ပါသည်။
















မူကြိုပညာရေးသည် ကလေးငယ်များအတွက် ပထမဆုံး ပုံမှန်သင်ယူမှုအဆင့်ဖြစ်ပြီး မူလတန်းသို့ မတက်မှီ ပညာရေးသာမက စိတ်ခံစားမှုနှင့်လူမှုရေးကိုပါ အထောက့်အပံ့‌ ဖြစ်စေပါသည်။ ထို့ကြောင့် ကလေးငယ်များကို အသက် ၃ နှစ်မှ စတင်ကာ သီချင်းများ၊ ကဗျာများကို အသုံးပြုပြီး စာသင်ကြားမှုကို စတင်နိုင်ပြီး အသက်အရွယ် ကြီးလာတာနဲ့အမျှ ‌ရွေးချယ်ထားသော သင်ရိုးအတိုင်း စနစ်တကျ သင်ကြားပေးသင့်ပါသည်။
Bright Kids နှင့် Cambridge Hodder တို့မှာ Pre Primary  မူကြိုကလေးငယ်များအတွက် သင့်တော်သော သင်ရိုးညွန်းတမ်း စာအုပ်များဖြစ်ပါသည်။


















မူကြိုပညာရေးကို သင်ကြားခြင်းအားဖြင့် အောက်ပါကောင်းမွန်မှုများ ရရှိနိုင်ပါသည်။ 
စာအုပ်စာတန်းအတွက် စိတ်ဝင်စားမှု ဖွံ့ဖြိုးစေခြင်း
လူမှုရေးကျင့်ဝတ်၊ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ခြင်း
စကားပြောနှင့် နားထောင်ခြင်း စွမ်းရည် တိုးတက်စေခြင်း
အခြေခံ နံပါတ်၊ အရောင်၊ ပုံသဏ္ဍာန် တင်စားနိုင်စွမ်း ဖွံ့ဖြိုးခြင်း
မူလတန်းသို့ သွားရန် စိတ်ပိုင်းဆိုင်ရာအဆင်သင့် ဖြစ်စေခြင်း

မူကြို (Pre-Primary) သည် ကလေးငယ်များအတွက် သဘာဝကျပြီး ပျော်ရွှင်စရာ သင်ယူမှုဖြစ်သင့်ပါသည်။ ထို့ကြောင့် မိဘများအနေဖြင့် မိမိအိမ်တွင်ပင် သင်ကြားပေးနိုင်ပါသည်။

မူကြိုကို အိမ်တွင် သင်ကြားပေးခြင်းဖြင့် သင့်ကလေးငယ်၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံအဆင့်မှစတင် အကောင်းဆုံးအခြေအနေတွင် တိုးတက်အောင်မြင်စေပါသည်။

မူကြိုကို အိမ်မှာ သင်ကြားပေးခြင်းဖြင့် သင့်ကလေးငယ်၏ ပညာရေးကို အဆင့်မြှင့်တင်ပေးပါ။

With Love, Dr.Saw

Comments