Scratch Tutorial 2 – Walking and Talking Meow

လမ်းလျှောက်ရင်းစကားပြောနေတဲ့ ကြောင်ကလေးတစ်ကောင်ကို ဘယ်လိုဖန်တီးရမလဲဆိုတာကို အခုသင်ခန်းစာလေးမှာ ဖော်ပြပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ File ထဲကနေ New ကို ခေါ်ပြီး Project အသစ်တစ်ခုအရင်ယူပါ။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Events ထဲက when O click ကို ယူပါမယ်။



လမ်းလျှောက်စေတဲ့ လှုပ်ရှားမှုကို ဖြစ်စေဖို့ Motion ထဲက move 10 steps ဆိုတဲ့ block ကို ယူပြီးချိတ်ဆက်ပါမယ်။



ဟဲလိုဆိုတဲ့ နှုတ်ဆက်စကား ပြောဖို့အတွက် Looks ထဲက say Hello for 2 seconds ကို ယူပြီး ချိတ်ဆက်ပါမယ်။ 2 seconds ဆိုတဲ့ ကြာချိန်နေရာမှာ ကိုယ်စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါတယ်။

လမ်းလျှောက်ပြီးတာနဲ့ မြောင်ဆိုတဲ့ ကြောင်သံလေးထွက်စေဖို့ Sound ထဲက play sound Meow until done ဆိုတဲ့ ဘလော့လေးကို ယူပြီး ချိတ်ဆက်ပါမယ်။

အခုဆိုရင်တော့ အစိမ်းရောင်အလံလေးကို နှိပ်လိုက်တာနဲ့ကြောင်လေးက ရှေ့ကို ၁၀ လှမ်းလှမ်းပါမယ်။ Hello ဆိုတဲ့စာသားလေး ပေါ်လာပြီးရင် မြောင်ဆိုတဲ့အသံလေးပါထွက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။


With Love,

Dr.Saw

Comments