Introduction to Web Development

နည်းပညာတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေမှာဘဲ ဖြစ်ဖြစ်၊ ပညာရေးနယ်ပါယ်မှာဘဲ ဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ လူမှုရေးပတ်ဝန်းကျင်မှာဘဲဖြစ်ဖြစ် အသုံးပြုနေတဲ့ Application တွေ Software တွေ ဟာ Desktop Application အဆင့်တွေကနေ Web based Application တွေဆီကို တိုးတက်ပြောင်းလဲလာပါတယ်။

Anytime, Anywhere, Any Devices - ကောင်းကျိုး ရလဒ်တွေကတော့ အံ့မခန်းပါဘဲ။ Website တစ်ခု တည်ဆောက်ဖို့အတွက် မဖြစ်မနေသိထားရမယ့် အချက်အလက်တွေ ရှိပါတယ်။

ဘာတွေ ဘယ်ကနေစပြီး လေ့လာရမလဲ စဉ်းစားတဲ့အခါ ဘယ်လမ်းကြောင်းပေါ်မှာ ရပ်တည်မှာလဲ ဆိုတာကနေ စပြီး စဉ်းစားရပါမယ်။ Web Designer လုပ်မှာလား၊ Web Developer လုပ်မှာလား၊ Full stack Developer (Designer + Developer) လုပ်မှာလား။

ရိုးရိုးရှင်းရှင်းပါဘဲ Website Design (User or Viewer or Customer တွေရဲ့ အမြင်အာရုံကိုဖမ်းစာနိုင်ဖို့ လှပသေသပ်တဲ့ Website Template Design) ဆွဲမှာလား၊ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပြီး Functionable ဖြစ်တဲ့ လုပ်ငန်းသုံး Website တွေ ဖန်တီးရေးသားတဲ့ Developer (Programmer) အဖြစ်နဲ့ ရပ်တည်ချင်တာလား၊ ဒါမှမဟုတ် Design ရော Coding နှစ်မျိုးလုံး ကျွမ်းကျင်တဲ့သူ Full stack Developer အဖြစ် ရပ်တည်ချင်တာလား ဆိုတာကို ရွေးချယ်ရမှာပါ။

 

 


Reference: Internet

Website တည်ဆောက်ဖို့ လိုအပ်တဲ့ Software တွေ၊ Application တွေ၊ Language တွေက အမျိုးအစား အများကြီး ရှိပါတယ်။ အဲ့ထဲကမှ HTML နဲ့ CSS ကတော့ Website ရဲ့ Structure Language လို့ တင်စားခေါ်ရလောက်တဲ့ အရာတွေဘဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ HTML ဟာ Website တစ်ခုတည်ဆောက်ဖို့အတွက် ပြုလုပ်ဖန်တီးထားတဲ့ Language တစ်ခုဘဲ ဆိုရင် CSS ကတော့ အဲ့ဒီ HTML နဲ့ရေးထားတဲ့ Website ကို လှပအောင်၊ ပြေပြစ်အောင်၊ ကြည့်ကောင်းအောင် Design ကို ပြုပြင်ပေးတဲ့ အရာတစ်ခုပေါ့။ ဒါကြောင့် Website တစ်ခု တည်ဆောက်ချင်တဲ့အခါ (သို့မဟုတ်) Web Developer အဖြစ်ရပ်တည်ချင်တဲ့အခါ အရင်ဆုံးလေ့လာရမှာကတော့ HTML ဘဲ ဖြစ်ပါတယ်။ HTML ကို စတင်လေ့လာဖို့အတွက် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ကိုယ့်ဘာသာ self-study လုပ်ချင်တဲ့ သူတွေအတွက် ဆိုရင်တော့ စာအုပ်တွေ၊ Video Tutorials တွေ၊ website တွေ ကနေ တဆင့်လေ့လာနိုင်ပါတယ်။ အဲ့ထဲကမှ w3school လို့ခေါ်တဲ့ website ကတော့ လေ့လာသူတွေအတွက် အဆင်ပြေနိုင်ဆုံး ဖြစ်မယ်လို့ ဆိုချင်ပါတယ်။  

with love: Dr.Saw

Comments

Popular posts from this blog

Scratch Tutorial 2 – Walking and Talking Meow

Scratch Tutorial 3 - Turn Around Cat

Static Vs Dynamic Website