Scratch Tutorial 1 - Walking Cat

 Scratch ရဲ့ ပထမဆုံး Tutorial အနေနဲ့ ကြောင်ကလေးလမ်းလျှောက်နေပုံလေးကို ဖော်ပြပေးပါ့မယ်။

ဒီသင်ခန်းစာလေးကိုတော့ Scratch offline application လေးကို အသုံးပြုပြီး ဖန်တီးထားတာဘဲ ဖြစ်ပါတယ်။

အသုံးပြုထားတဲ့ version ကတော့ Scratch 3.25.0 ဖြစ်ပါတယ်။

Scratch application ကို ဖွင့်လိုက်တာနဲ့ ပထမဆုံးအောက်ကပုံမှာ ပြထားတဲ့အတိုင်း Scratch Project အတွက် Blank Screen အသစ်တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။


Event when click ကိုခေါ်ပါမယ်။


ပြီးရင်တော့ Motion ထဲက move 10 steps ကို ယူပြီး ချိတ်ဆက်လိုက်ပါမယ်။


အခုဆိုရင်တော့ အစိမ်းရောင်အလံလေးကို နှိပ်လိုက်တာနဲ့ ကြောင်ကလေးက ၁၀ လှမ်းရွေ့တော့မှာပါ။

With Love,
Dr.Saw


Comments