Scratch Tutorial 3 - Turn Around Cat
ဒီတစ်ခါတော့ အရှေ့၊ အနောက်၊ တောင် နဲ့ မြောက်ကို လှည့်ပတ်သွားနေတဲ့ ကြောင်လေးတစ်ကောင်ကို ဖန်တီးရအောင်ပါ။
File
ထဲကနေ New ကို ခေါ်ပြီး Project အသစ်တစ်ခုအရင်ယူပါ။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Events
ထဲက when O
click ကို ယူပါမယ်။
အလုပ်တစ်ခုကို ထပ်ခါတစ်လဲလုပ်စေချင်တဲ့အခါမျိုးမှာ
ဆိုရင်တော့ control တနည်းအားဖြင့် looping သဘောတရားပါဝင်တဲ့ block
တွေကို အသုံးပြုရပါတယ်။ အခု အရပ်လေးမျက်နှာကို ရွေ့စေဖို့ လမ်းလျှောက်တယ်ဆိုတဲ့
လုပ်ဆောင်ချက်ကို ၄ ကြိမ်လုပ်စေချင်တာဖြစ်တဲ့အတွက် Control ထဲက repeat 10 ကို ယူပြီး
ချိတ်ဆက်ထားပါတယ်။ ပြီးတော့ 10
အစား 4 လို့ပြောင်းရေးလိုက်ပါတယ်။
လမ်းလျှောက်စေဖို့အတွက် Motion ထဲက move 10 steps ကိုယူပြီးချိတ်ဆက်လိုက်ပါတယ်။
ပိုပြီးသိသာထင်ရှားစေဖို့အတွက် ခြေလှမ်းကို 10 steps ကနေ 30 steps လို့ပြောင်းလိုက်ပါတယ်။
တစ်ခါ
လမ်းလျှောက်ပြီးတိုင်း/ရွေ့လျှားပြီးတိုင်း အရပ်မျက်နှာတစ်ခုကိုလှည့်ဖို့အတွက် Motion
ထဲကနေ turn
15 degrees ကို ယူပြီးချိတ်ဆက်လိုက်ပါတယ်။
ပြီးတော့ 90 degrees လို့ပြောင်းလိုက်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါဘဲ။ ပထမပုံမှာကတော့
မူလအနေအထားဖြစ်ပါတယ်။ ဒုတိယပုံကတော့ Green Flag O ကို
တစ်ကြိမ်နှိပ်ထားတဲ့ပုံ ဖြစ်ပါတယ်။ အရှေ့ကို 30 steps စာသွားပြီး အောက်ဘက်ကို ၉၀ ဒီဂရီစောင်းချလိုက်တာဖြစ်ပါတယ်။
နောက်ထပ်တစ်ကြိမ် O ကို
နှိပ်လိုက်ရင်တော့ အရှေ့ကို 30 steps စာသွားပြီး ဘေးဘက်ကို ၉၀ ဒီဂရီစောင်းချလိုက်တာဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ O ကို
နှိပ်လိုက်ရင်တော့ အရှေ့ကို 30 steps စာသွားပြီး အပေါ်ဘက်ကို ၉၀ ဒီဂရီတက်သွားမှာဖြစ်ပါတယ်။
With Love,
Dr.Saw
Comments
Post a Comment