Posts

Showing posts from September, 2021

Static Vs Dynamic Website

Image
  ရည်ရွယ်ချက်အမျိုးမျိုးအတွက် Website တစ်ခုကို တည်ဆောက်ဖို့လေ့လာတဲ့ အခါ အမျိုးအစားတွေ အများကြီးရှိတယ်ဆိုတာကို မြင်တွေ့ရမှာပါ။ အခြေခံအားဖြင့်တော့ Static Web Application နဲ့ Dynamic Web Application ဆိုပြီး အပိုင်း ၂ ပိုင်းခွဲခြား လေ့လာနိုင်ပါတယ်။ Reference: Internet Static Website ဆိုတာဟာ ကိုယ့်ရဲ့ Information ကို ဖော်ပြပေးတဲ့ Advertisement Website အမျိုးအစားတစ်ခုလို့ဘဲ ယေဘူယျအားဖြင့် မှတ်ယူကြည့်ရအောင်ပါ။ တနည်းအား ဖြင့် ဆိုရင်တော့ Static Website ဆိုတာ တစ်ကမ္ဘာလုံးကနေ ကြည့်ရှု့လေ့လာနိုင်တဲ့ ကြော်ငြာ၊ လက်ကမ်းစာစောင် (Advertisement, Announcement, Information Center, Brochure) လိုမျိုးပါဘဲ။ အဲ့ထက်တော့ အများကြီး ပိုသာတာပေါ့လေ။ Static Website မှာ Website ကို ကြည့်ရှု့သူ ( viewer) နဲ့   Website ရဲ့ administrator ကြားမှာ အချိန်နဲ့ တပြေးညီ လုပ်ဆောင်ရတဲ့ ဆောင်ရွက်ချက်တွေ မလုပ်ဆောင်နိုင်ပါဘူး။   Web Developer ကနေ Coding ရေးတုန်းက ထည့်ပေးထားတဲ့ Information တွေအတိုင်းဘဲ Website ပေါ်မှာ ပြသနိုင်တာ၊ မြင်တွေ့နိုင်တာ ဖြစ်ပါတယ်။ Website ကို စီမံ

Introduction to Web Development

Image
နည်းပညာတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေမှာဘဲ ဖြစ်ဖြစ်၊ ပညာရေးနယ်ပါယ်မှာဘဲ ဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ လူမှုရေးပတ်ဝန်းကျင်မှာဘဲဖြစ်ဖြစ် အသုံးပြုနေတဲ့ Application တွေ Software တွေ ဟာ Desktop Application အဆင့်တွေကနေ Web based Application တွေဆီကို တိုးတက်ပြောင်းလဲလာပါတယ်။ Anytime, Anywhere, Any Devices - ကောင်းကျိုး ရလဒ်တွေကတော့ အံ့မခန်းပါဘဲ။ Website တစ်ခု တည်ဆောက်ဖို့အတွက် မဖြစ်မနေသိထားရမယ့် အချက်အလက်တွေ ရှိပါတယ်။ ဘာတွေ ဘယ်ကနေစပြီး လေ့လာရမလဲ စဉ်းစားတဲ့အခါ ဘယ်လမ်းကြောင်းပေါ်မှာ ရပ်တည်မှာလဲ ဆိုတာကနေ စပြီး စဉ်းစားရပါမယ်။ Web Designer လုပ်မှာလား၊ Web Developer လုပ်မှာလား၊ Full stack Developer (Designer + Developer) လုပ်မှာလား။ ရိုးရိုးရှင်းရှင်းပါဘဲ Website Design (User or Viewer or Customer တွေရဲ့ အမြင်အာရုံကိုဖမ်းစာနိုင်ဖို့ လှပသေသပ်တဲ့ Website Template Design) ဆွဲမှာလား၊ စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပြီး Functionable ဖြစ်တဲ့ လုပ်ငန်းသုံး Website တွေ ဖန်တီးရေးသားတဲ့ Developer (Programmer) အဖြစ်နဲ့ ရပ်တည်ချင်တာလား၊ ဒါမှမဟုတ် Design ရော Coding နှစ်မျ

Scratch Tutorial 3 - Turn Around Cat

Image
ဒီတစ်ခါတော့ အရှေ့၊ အနောက်၊ တောင် နဲ့ မြောက်ကို လှည့်ပတ်သွားနေတဲ့ ကြောင်လေးတစ်ကောင်ကို ဖန်တီးရအောင်ပါ။ File ထဲကနေ New ကို ခေါ်ပြီး Project အသစ်တစ်ခုအရင်ယူပါ။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Events ထဲက when O click ကို ယူပါမယ်။ အလုပ်တစ်ခုကို ထပ်ခါတစ်လဲလုပ်စေချင်တဲ့အခါမျိုးမှာ ဆိုရင်တော့ control တနည်းအားဖြင့် looping သဘောတရားပါဝင်တဲ့ block တွေကို အသုံးပြုရပါတယ်။ အခု အရပ်လေးမျက်နှာကို ရွေ့စေဖို့ လမ်းလျှောက်တယ်ဆိုတဲ့ လုပ်ဆောင်ချက်ကို ၄ ကြိမ်လုပ်စေချင်တာဖြစ်တဲ့အတွက် Control ထဲက repeat 10 ကို ယူပြီး ချိတ်ဆက်ထားပါတယ်။ ပြီးတော့ 10 အစား 4 လို့ပြောင်းရေးလိုက်ပါတယ်။ လမ်းလျှောက်စေဖို့အတွက် Motion ထဲက move 10 steps ကိုယူပြီးချိတ်ဆက်လိုက်ပါတယ်။ ပိုပြီးသိသာထင်ရှားစေဖို့အတွက် ခြေလှမ်းကို   10 steps ကနေ 30 steps လို့ပြောင်းလိုက်ပါတယ်။ တစ်ခါ လမ်းလျှောက်ပြီးတိုင်း/ရွေ့လျှားပြီးတိုင်း အရပ်မျက်နှာတစ်ခုကိုလှည့်ဖို့အတွက် Motion ထဲကနေ turn 15 degrees ကို ယူပြီးချိတ်ဆက်လိုက်ပါတယ်။ ပြီးတော့ 90 degrees လို့ပြောင်းလိုက်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပါဘဲ။ ပထမပုံမှာကတော့ မူလအနေအထားဖြစ

Scratch Tutorial 2 – Walking and Talking Meow

Image
လမ်းလျှောက်ရင်းစကားပြောနေတဲ့ ကြောင်ကလေးတစ်ကောင်ကို ဘယ်လိုဖန်တီးရမလဲဆိုတာကို အခုသင်ခန်းစာလေးမှာ ဖော်ပြပေးသွားမှာပါ။ ပထမဆုံးအနေနဲ့ File ထဲကနေ New ကို ခေါ်ပြီး Project အသစ်တစ်ခုအရင်ယူပါ။ ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Events ထဲက when O click ကို ယူပါမယ်။ လမ်းလျှောက်စေတဲ့ လှုပ်ရှားမှုကို ဖြစ်စေဖို့ Motion ထဲက move 10 steps ဆိုတဲ့ block ကို ယူပြီးချိတ်ဆက်ပါမယ်။ ဟဲလိုဆိုတဲ့ နှုတ်ဆက်စကား ပြောဖို့အတွက် Looks ထဲက say Hello for 2 seconds ကို ယူပြီး ချိတ်ဆက်ပါမယ်။ 2 seconds ဆိုတဲ့ ကြာချိန်နေရာမှာ ကိုယ်စိတ်တိုင်းကျ ပြင်ဆင်နိုင်ပါတယ်။ လမ်းလျှောက်ပြီးတာနဲ့ မြောင်ဆိုတဲ့ ကြောင်သံလေးထွက်စေဖို့ Sound ထဲက play sound Meow until done ဆိုတဲ့ ဘလော့လေးကို ယူပြီး ချိတ်ဆက်ပါမယ်။ အခုဆိုရင်တော့ အစိမ်းရောင်အလံလေးကို နှိပ်လိုက်တာနဲ့ကြောင်လေးက ရှေ့ကို ၁၀ လှမ်းလှမ်းပါမယ်။ Hello ဆိုတဲ့စာသားလေး ပေါ်လာပြီးရင် မြောင်ဆိုတဲ့အသံလေးပါထွက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ With Love, Dr.Saw

Scratch Tutorial 1 - Walking Cat

Image
 Scratch ရဲ့ ပထမဆုံး Tutorial အနေနဲ့ ကြောင်ကလေးလမ်းလျှောက်နေပုံလေးကို ဖော်ပြပေးပါ့မယ်။ ဒီသင်ခန်းစာလေးကိုတော့ Scratch offline application လေးကို အသုံးပြုပြီး ဖန်တီးထားတာဘဲ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ version ကတော့ Scratch 3.25.0 ဖြစ်ပါတယ်။ Scratch application ကို ဖွင့်လိုက်တာနဲ့ ပထမဆုံးအောက်ကပုံမှာ ပြထားတဲ့အတိုင်း Scratch Project အတွက် Blank Screen အသစ်တစ်ခုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ Event when click ကိုခေါ်ပါမယ်။ ပြီးရင်တော့ Motion ထဲက move 10 steps ကို ယူပြီး ချိတ်ဆက်လိုက်ပါမယ်။ အခုဆိုရင်တော့ အစိမ်းရောင်အလံလေးကို နှိပ်လိုက်တာနဲ့ ကြောင်ကလေးက ၁၀ လှမ်းရွေ့တော့မှာပါ။ With Love, Dr.Saw

Scratch Programming မိတ်ဆက်

Image
Scratch Programming ဆိုတာကတော့ block-based visual programming language language ဖြစ်ပါတယ်။  ဒီ website ဟာ အသက် ၈ နှစ်ကနေ ၁၆ နှစ်အတွင်းရှိ ကလေးငယ်များ၊ လူငယ်လူရွယ်များအတွက် Coding ရေးသားနည်းနဲ့ ပညာရေးနယ်ပါယ်မှာ အထောက်အကူဖြစ်စေဖို့ သင်ထောက်ကူတစ်ခုအနေနဲ့ ရည်ရွယ်တီထွင်ခဲ့တာဘဲ ဖြစ်ပါတယ်။   website အသုံးပြုသူတွေဟာ တနည်းအားဖြင့် Scratchers တွေဟာ block ကဲ့သို့သော interface ကို သုံးပြီး web ပေါ်တွင် Project တွေကိုဖန်တီးရေးသားနိုင်မှာဘဲ ဖြစ်ပါတယ်။ Scratch ရဲ့အကြောင်းတွေကို https://scratch.mit.edu/about မှာ လေ့လာနိုင်ပါတယ်။ Ref: [ https://scratch.mit.edu/about ] Scratch ကို အသုံးပြုဖို့အတွက် https://scratch.mit.edu/ ကနေ Sign in လုပ်ရပါမယ်။ Ref: [ https://scratch.mit.edu ] Scratch ကို online သာမကဘဲ offline အနေနဲ့လည်း application ကို download ချပြီး အသုံးပြုနိုင်ပါတယ်။ Ref: [https://scratch.mit.edu/download] With Love, Dr. Saw

Google in ICT

Google ကတော့ ကမ္ဘာမှာ အကောင်းဆုံး၊ အသုံးပြုသူအများဆုံး Search Engine တစ်ခုဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဆိုရင်ဖြင့် သူ့ကိုအသုံးပြုမှုဟာ 87.35% ရှိတယ်လို့ https://www.reliablesoft.net/top- 10- search-engines-in-the-world/ မှာ ဖော်ပြထားပါတယ်။ အမှန်ပါဘဲ Google ကနေ သိလိုသမျှကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ရှာဖွေထားတဲ့ အဖြေတွေကိုလည်း စက္ကန့်ပိုင်းအတွင်း လျှင်မြန်စွာ ဖော်ပြပေးနိုင်ပါတယ်။ ဒါ့အပြင် Google ကနေ ထောက်ပံ့ပေးထားတဲ့ applications တွေ services တွေ ဟာလည်း မနည်းမနောပါဘဲ။ လက်တွေ့လုပ်ငန်းခွင်မှာ တကယ်လည်း အသုံးတည့်ပါတယ်။ Google ရဲ့ အကြောင်းကိုတော့ https://about.google/ မှာ ရှာဖွေလေ့လာနိုင်ပါတယ်။  Gmail Account တစ်ခုရှိရုံနဲ့ လူတစ်ဦးခြင်းစီအတွက် အချက်အလက်သိုလှောင်သိမ်းဆည်းနိုင်ခွင့် ( Data Storage) ကို Google Drive မှာ 15GB ပေးထားပါတယ်။ ကျောင်းသုံးရုံးသုံး ပိုင်းဆိုင်ရာ Application တွေ အဖြစ် Google Docs, Google Sheet, Google Slide ( တနည်းအားဖြင့်ပြောရမယ် ဆိုရင်တော့ Microsoft Office Word, Microsoft Office Excel, Microsoft Office PowerPoint တွေလို အသုံးပြုလို့ရတဲ့ application) တွေကို ထောက်